Hello Cabs Meter Taxi မှ Moible မှတဆင့် လွယ်ကူစွာ Taxi ခေါ်ယူနိုင်မည့် Mobile Application ကိုမိတ်ဆက်

Hello Cabs သည်ဖုန်းခေါ်ဆိုလိုက်ရုံဖြင့် အိမ်အရောက်လာကြိုပေးပြီး လုံခြုံစိတ်ချရသောTaxi များဖြင့် ၀န်ဆောင်မှုပေးနေသော Company တစ်ခုဖြစ်ပါသည်။ ယခုအခါတွင် သုံးစွဲသူများ ပိုမိုအဆင်ပြေစေရန် Call Centre သို့ဖုန်းဆက် Booking တင်ရန်မလိုအပ်တော့ပဲ မိမိအသုံးပြုနေသော Android Phone မှတဆင့် Booking တင်နိုင်သော HelloCabs Mobile Application ကို Media များထံသို့ ၂၆-ဇူလိုင်လ-၂၀၁၆ မှာ Dagon Logistics Company Limited ( Hello Cabs ) တွင် မိတ်ဆက်ခဲ့ပါတယ်။ ၄င်း Application အသုံးပြုပြီး Hello Cabs Taxi ခေါ်ယူလိုက်သူအနေဖြင့် မိမိနှင့် အနီးဆုံးတွင်ရှိသော Taxi များကိုမြင်ရသည့်အတွက် ယခင်ကထက်ပိုမို လွယ်ကူလျှင်မြန်စွာ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ခရီးစဉ်ပြီးဆုံးပါက မိမိသွားခဲ့သည့် လမ်းကြောင်း၏ History Record ကို ရရှိမှာ ဖြစ်လို့ Company ၀န်ထမ်းများအတွက်လည်း Taxi ကုန်ကျစရိတ်များကို မိမိရုံးသို့ တိတိကျကျပြန်လည် တင်ပြနိုင်မှာဖြစ်ပါတယ်။ အဆိုပါ Hello Cabs Application ကို Android ဖုန်းများအတွက် Google Play Store မှာ Download ရယူနိုင်ပြီး Augustလ 1ရက်နေ့မှာ စတင်အသုံးပြုနိုင်ပြီး IOS များအတွက်လည်း မကြာခင်ရရှိနိုင်တော့မှာဖြစ်ပါတယ်။

Customer Service အနေဖြင့် အခက်အခဲရှိပါက 01 -9339 111 မှလည်း ၂၄နာရီ ၀န်ဆောင်မှု ပေးနေကြောင်းထပ်မံသိရပါတယ်။

သတင်းစာရှင်းလင်းပွဲတွင် Hello Cabs မှပါဝင်ဆွေးနွေးတင်ပြသူများ
• ဦးအောင်ဝင်း (CEO)
• ဦးဘုန်းပြည့်ကျော် (IT Manager)
• Daw Kathy Ko (DGM Marketing)
• ဦးထွန်းလင်းဦး (DGM Operation)